Docker က application တစ်ခုကို code, runtime, dependencies, config တွေနဲ့အတူ container ထဲမှာ package လုပ်ပေးတဲ့ tool ပါ။ ကိုယ့်စက်မှာ run တဲ့ app က server မှာလည်း ပုံစံတူ run နိုင်တာက Docker ရဲ့ အဓိကအကျိုးပါ။
Image က template ဖြစ်ပြီး container က running instance ဖြစ်ပါတယ်။ Class နဲ့ object လိုစဉ်းစားလို့ရတယ်။
docker pull nginx # image download docker run nginx # image ကနေ container run docker ps # running containers ကြည့် docker images # local images ကြည့်
VM က OS တစ်ခုလုံးပါ run လုပ်ရတဲ့အတွက် လေးတတ်တယ်။ Container က host OS kernel ကို share လုပ်ပြီး app process ကို isolate လုပ်တာကြောင့် ပိုပေါ့ပြီး start မြန်တယ်။